ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ( Y angon School of Political Science) မှ ဒုတိယအကြိမ် MSc in Comparative Politics ( Taught Master Program) ကို ၂၀၁၆ ဇူလိုင်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သို့ပါ၍ စိတ်ပါဝင်စားသည့်သူများသည် သင်တန်းလျှောက်လွှာပုံစံများကို ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းတွင် လာရောက်ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။ [email protected] သို့လည်း သင်တန်းလျှောက်လွှာများကို ပေးပို့နိုင်ပါသည်။
( သင်တန်းသူ/သား လျှောက်လွှာပုံစံများကို ယခုဖိတ်ကြားစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။)
သင်တန်းသူ/သား အရည်အချင်းလိုအပ်ချက်များ
- ဘွဲ့တစ်ခုရရှိပြီးသူဖြစ်ရမည်။
- အင်္ဂလိပ်စာ Advanced Level ရှိရမည်။
- သင်တန်းချိန်များကို မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရမည်။
- Lecture တိုင်းအတွက် လိုအပ်သော ဖတ်စာများကို ဖတ်ရှုနိုင်ရမည်။
(မှတ်ချက်။ ။ အချိန်ပြည့်အလုပ်လုပ်နေသူများအနေဖြင့် ခက်ခဲမည်ဖြစ်ပါသည်။) - Lecture အပြီးပြုလုပ်သော Seminar တိုင်းတွင်ဝင်ရောက်ဆွေးနွေးနိုင်ရမည်။
သင်တန်းနှင့် ပတ်သက်သည့်အချက်အလက်များ
- သင်တန်းကာလမှာ တစ်နှစ်ဖြစ်သည်။
- ဘာသာရပ်တိုင်းအတွက် Essay (သို့) Exam များကို အောင်မြင်အောင် ရေးသားဖြေဆို နိုင်ရမည်။
- သင်ကြားမှုပြီးပါက သက်ဆိုင်ရာ (topic)တစ်ခုခုကို အင်္ဂလိပ်စာလုံးရေ (၁၀၀၀၀) ဖြင့် ( dissertation) တင်ရမည်။
- သင်တန်း၏လိုအပ်ချက်များအားလုံး ပြည့်စုံအောင်မြင်ပါက YSPS မှ ချီးမြှင့်သော Msc ( Comparative Politics) ကိုရရှိမည်ဖြစ်ပါသည်။( မည်သည့် Institution မှ Accreditation မရှိပါ။)
- သင်ခန်းစာများကို နိုင်ငံတကာတက္ကသိုလ်များမှ Professors များမှ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားမည်ဖြစ်ပြီး ဘာသာပြန်ဆိုပေးမည်မဟုတ်ပါ။
သင်တန်းနှင့် ပတ်သက်သည့်အချိန်ဇယား
- လျှောက်လွှာ ပိတ်ရက်မှာ ဇွန်လ (၁၇) ရက်နေ့ဖြစ်ပါသည်။
- ပဏာမ ရွေးချယ်ခံရသူများကို ဇူလိုင်လ ပထမပတ်တွင် ကြေငြာမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူများအနေဖြင့် အင်္ဂလိပ်စာနှင့် လူတွေ့အရည်အချင်းစစ်စာမေးပွဲများကို ဖြေဆိုရမည်။
- ဇူလိုင်လ မှ စတင်၍ MSc သင်တန်းများကို စတင်တက်ရောက်ရပါမည်။
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း